လပွတ္တာ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာသင်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် အမှာစကားပြောကြားရာ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းသန့်ရှင်းရေး၊ ပရိဘောဂ ပြည့်စုံရေး၊ ဆရာ/မပြည့်စုံစွာထားရှိရေး၊ ကျန်းမာရေးကဏ္ဍတွင်လည်း ကိုဗစ်ဆေးထိုးနှံမှု အခြေအနေနှင့် စာရင်းသွင်းမှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းသား/သူများ ကျောင်းမဖွင့်မီ အချိန်တွင်း ကိုဗစ်ဆေးထိုးနှံရေး ဆောင်ရွက်ရန်၊ လပွတ္တာမြို့နယ်အတွင်း လူဦးရေ စာရင်းကောက်ယူမှုအား စနစ်တကျဆောင်ရွက်ရန်နှင့် Green City၊ Claen City၊ Smart City အဖြစ် သန့်ရှင်းသာယာလှပအောင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။
လပွတ္တာခရိုင် ပြန်/ဆက်