လှိုင်းဘွဲ ဧပြီ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားထားသော သင်ယူနေတဲ့ ကလေးတွေ စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးခြင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်အားကောင်းမွန်ပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားထားသော သင်ယူနေတဲ့ ကလေးတွေ စာအုပ်တွင် ပါရှိသော တီထွင် ဖန်တီးတတ်တဲ့ ကလေး၊ သင်ယူနေတဲ့ ကလေး၊ ကလေးဘာကြောင့် လိမ်ညာရတာလဲ၊ ကလေးတို့ ပျော်ပျော်ရွင်ရွင် စာရေးတတ်လာစေဖို့၊ အရည်အချင်းနဲ့ တည်ဆောက်မယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကလေးတွေကို လေးစားပါ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)