ခမောက်ကြီး ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နယ်စပ်ဒေသကျေးရွာသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယကြိမ်နှင့် ပထမကြိမ် ကွင်းဆင်းထိုးနှံခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံကြရာတွင် ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက မတ်လ ၁၅ ရက်နေ့က (ပထမကြိမ် )ထိုးနှံပြီးစီးခဲ့သူလူ(၇၀)ဦး အား( ဒုတိယ ကြိမ်) အဖြစ်အိန္ဒိယနိုင်ငံထုတ် Covaxin ကိုဗစ်ကာကွယ်ဆေးအား လည်းကောင်း၊ (ပထမ ကြိမ်) အဖြစ် ထိုင်းနိုင်ငံထုတ် Astrazeneca ကိုဗစ် ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူ(၁၀)ဦးနှုန်းဖြင့် (၃၀)ဦးထိုးနှံ ပေးခဲ့သည်။ ထိုသို့ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)