နတ်မောက်မြို့လူထုအခြေပြု ဗဟိုဌာန(Community Centre )၌ စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်   ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာ ဗဟုသုတ ဖွံဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ဒုတိယဦးစီးမှူး  ဒေါ်သင်းသင်းဝေက လူငယ်လမ်းညွှန်စာအုပ်ထဲမှ “လူငယ်နှင့်ပညာရေး” ဆောင်းပါး အကြောင်းအရာများကို ဖတ်ပြရှင်းလင်းခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၏ အတွေးအမြင် အသိများကို အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍လစဉ် လူထု အခြေပြုဗဟိုဌာန (Community Centre ) ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

လှဝင်း