ပလောက်မြို့တွင် ခရမ်းသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပလောက်   ဧပြီ   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်()ရပ်ကွက်တွင်  ဟင်းသီးဟင်းရွက် ပင်များဖြစ်သည့် ချဉ်ပေါင်၊ ကန်ဇွန်း၊ ငရုတ်၊ ရုံးပတီ၊ ဘူး၊ သခွား ကျောက်ဖရုံများ စိုက်ပျိုးသည့်အပြင် ခရမ်းသီးများလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့က ခရမ်းသီးမျိုးစေ့ကို ပလောက်မြို့မှ ဝယ်ယူ၍ ပျိုးထောင် စိုက်ပျိုးတာဖြစ်ပြီး  မျိုးစေ့တစ်ထုတ်လျှင်၅၀၀ကျပ် ၅၀၀၀ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ကျဉ်း နှင့် တစ် ကျဉ်း ၁ ပေ ကွာခြား၍ စိုက်ပျိုးရပါတယ်၊ ခရမ်းသီးများ အလုံးကြီးထွားမှုအား ကောင်း စေ ရန် အတွက် သဘာဝမြေဇာ ဖြစ်သည့် ကြက်ချေး၊ နွားချေးများနှင့် ဇီဝမြေဩဇာများကို အသုံးပြု၍ အတန်းလိုက် စိုက်ပျိုးရပါတယ်၊ မျိုးစေ့ပင်များ စိုက်ပျိုးပြီးရင် ရေကိုတော့ နေ့တိုင်းလောင်းပေး ရပါတယ်၊ ရေတွင်းထဲမှရေကို စက်ဖြင့်မောင်းပြီး စိုက်ခင်းထဲရေပိုက်ဖြင့် ရေလောင်းရပါတယ်၊ ခရမ်းသီးစိုက်ပျိုးထားတာကတော့ မျိုးစေ့တစ်အိတ် (၅၀၀၀) တန်ကို ဝယ်ယူစိုက်ပျိုးထား ပါတယ်၊ ခရမ်းသီးရောင်းတာကတော့ အရင်ကပိဿာချိန်ဖြင့် ရောင်းရပြီး အခုဆိုရင်စည်းပြီး တစ်စည်းလျှင် အလုံးကြီးရင် ၃ လုံးတစ်စည်း၊ အလုံးသေးရင် ၄ လုံးတစ်စည်း စီးပြီး တစ်စည်းကို (၅၀၀)ကျပ်နှင့် ရောင်းရပါတယ်၊  ခရမ်းသီးကြိုက်သူများကတော့ စိုက်ခင်းထဲအထိ လာရောက် ဝယ်ယူလျက်ရှိပါတယ်၊ ပလောက်မြို့ဈေးမှာလည်းလက်လီ၊ လက်ကားသွားရောက် ရောင်းပါ တယ်၊ ခရမ်းသီးကို တစ်ပတ်လျှင် တစ်ကြိမ်ခူးဆွတ်ပြီး ရောင်းလိုက်ရင် ရောင်းရငွေ (၃၀၀၀၀) ကျပ်ကနေ (၅၀၀၀၀) ကျပ်အထိ ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေ ပါတယ်ဟု အမှတ်()ရပ်ကွက်နေ ခရမ်းသီးစိုက်ပျိုးရောင်းချသူ ဦးလှထွန်းက ပြောကြားခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)