လှိုင်းဘွဲ ဧပြီ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က သစ်တောသစ်ပင် ပြုန်းတီးမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းလာမှုနှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းဖို့ သစ်တော သစ်ပင် ထိန်းသိမ်းကြစို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် အကျိုးများမည် အမှန်ပင်၊ စိုက်ပျိုးပြီး သစ်ပင် ရှည်သန်ရေး ပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင် နီတိများ၊ သစ်တောသစ်ပင်များသည် ရေကြီးမှုနှင့် မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ် ဖျက်စီးခြင်းဖြင့် ကမ္ဘာကြီးကို ကယ်တင်ပါ၊ အမှိုက်များနှင့်ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အမှိုက်များ၏ ဆွေးမြေ့ပျက်စီးမှု သက်တမ်းများ စသည့်သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားကာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)