သာပေါင်းမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ရဟန်းသံဃာ၊ ကျေးလက်နေ ပြည်သူ(၃၁)ဦး တို့ကို ကာကွယ်ဆေးထိုးနှံ

သာပေါင်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မိခင်နှင့်ကလေးဌာန၊ ဘုရားကုန်း ကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ ဆိပ်သာကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှလွဲ၍ ဆေးထိုးရန် ကျန်ရှိသော အသက်(၁၈)နှစ်အထက် ကျေးလက်နေ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေး အဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ် ဆေးထိုးနှံပေးလျက် ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်ကာ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကျေးရွာများအရောက် အိမ်အရောက် လှည့်လည် ရှင်းလင်း ပြောကြားကြည့်ရှု အားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ မိခင်နှင့် ကလေးဌာနတွင် (၁၀)ဦး၊ ဘုရားကုန်း ကျေးရွာတွင် ()ဦး၊ ဇီးဖြူကွင်း ကျေးရွာတွင် ()ဦး၊ဆိပ်သာကျေးရွာတွင် ()ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ် တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် စုစုပေါင်း ပြည်သူ(၃၁)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)