ဒေးဒရဲ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၆၆၇၄၇)ဦးရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ပထမအကြိမ် (၁၄၉၀၉၉)ဦး၊ ဒုတိယအကြိမ် (၁၀၈၉၇)ဦး၊ (၈၉.၄၁)ရာနှုန်း ထိုးနှံပြီးစီးပြီဖြစ်၍ ကျန်ရှိသူများအား ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဖျာပုံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပျဉ်ထောင်စု ကျေးရွာအုပ်စု ဘုန်တော်ကြီးကျောင်းသို့ သွားရောက်၍ ပျဉ်ထောင်စု၊ အဖောင်ကြီး၊ လေးအိမ်ကုန်း ကျေးရွာများရှိ ပြည်သူ (၅၁)ဦးအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ပြည်သူ (၁၁၇)ဦး၊ စုစုပေါင်း(၁၆၈)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေဒေးသူ