အိမ်မဲမြို့နယ်တွင် နှောင်းတန်ခူးလဆန်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

အိမ်မဲ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တွင်း ကျောင်းတိုက်ပေါင်း ၁၀ ကျောင်းမှ ဆွမ်းဆန်စိမ်းအလှူခံရန် မြတ်စွာဘုရားအမှူးထား၍ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကြွချီတော်မူလာရာ စေတနာရှင်ပြည်သူအပေါင်းက သဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်ဆန်း(၁)ရက်နေ့တွင် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်းကောင်း၊ နှစ်ဆန်း (၃) ရက်နေ့တွင် တကောကျေးရွာ ဖျာတန်းရပ်ကွက်တွင် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုလည်းကောင်း၊ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် နှောင်းတန်ခူးလဆန်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပလျက်ရှိရာ မြို့နယ်အတွင်း စေတနာရှင်ပြည်သူအပေါင်းက ဆွမ်းဆန်၊ ဆီ၊ ဆား အချိုရည်၊ စသည့်လှူဖွယ်ပစ္စည်းမျာနှင့် ဝတ္ထုငွေများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)