ပြည် ဧပြီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ဝေသည့် “ သတင်းမီဒီယာနည်း ဥပဒေများ ” စာအုပ်ဖြင့် ဝန်ထမ်းများ စုပေါင်းစာဖတ်ဝိုင်း ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး က ဝန်ထမ်းများစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေပြီးဌာန၏ သတင်းမီဒီယာ လုပ်ငန်းတာဝန်များ ထမ်းဆောင် နေသော မိမိတို့ရုံးဝန်ထမ်းများအနေဖြင့် သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာနည်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းတက်ရောက်သူ ခရိုင် ပြန်/ ဆက်ဝန်ထမ်း ၇ ဦးအား ပြောကြားသည်။
ထို့နောက် ဓာတ်ပုံကျွမ်းကျင် (၂) ဦးမျိုးကျော်နှင့် ဦးမင်းမင်းစိုးတို့က ယင်းစာအုပ်ပါ အခန်း (၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အခန်း (၂) ရည်ရွယ်ချက်နှင့် အခန်း (၃) သတင်းမီဒီယာသမားများ၏ရပိုင်ခွင့်များ အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ခရိုင် ပြန်/ဆက်ဦးစီးမှူးက ဖြည့်စွက် ဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးတွင် ဝန်ထမ်းများ စာဖတ်သည့် အလေ့အထကောင်းများရရှိ စေရန်နှင့် ရုံးလုပ်ငန်း၊ ငွေစာရင်း၊ စာကြည့်တိုက်လုပ်ငန်း၊ သတင်းမီဒီယာကဏ္ဍနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအား ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အလားတူစာဖတ်ဝိုင်းများကို လစဉ်တစ်လ (၂) ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)