မြောင်းမြ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယနေ့နေ့လယ် (၁)နာရီအချိန်က သင်တန်းကာလ နောက်ဆုံးနေ့ဖြစ်သည့် တတိယနေ့ကို ဆက်လက် သင်ကြားပေးလျက် ရှိသည်။
အဆိုပါ သင်တန်းတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းကာလ သင်ကြားခဲ့ရမှုများကို လက်တွေ့နယ်ပယ်တွင် အသုံးချတတ်စေရန် လက်တွေ့နှင့် စာတွေ့ပိုင်းများ ဆန်းစစ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ ဆန်းစစ်ချက် အောင်မြင်သူများကိုသာ အောင်လက်မှတ်ပေးပြီး ထူးချွန်သူအား ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းနောက်ဆုံးနေ့တွင် ပတ်တီးစည်းနည်း အမျိုးမျိုးဖြစ်သည့် ကရွတ်ခွေပြုလုပ်နည်း၊ ဗူးလက်သီးပြုလုပ်နည်း၊ တံတောင်ဆစ်စည်းနည်း၊ မေးရိုးတစ်ဘက်စည်းနည်း၊ မေးရိုးနှစ်ဖက်စည်းနည်း၊ ပခုံးစည်းနည်း၊ ဦးခေါင်းနှင့် ခြေ လက် ပေါင်တို့တွင် ပတ်တီးစည်းနည်း စသည်တို့ကို လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။ သင်တန်းဆန်းစစ်ချက်ကို ၂၃-၄-၂၀၂၂ ရက်နေ့ စနေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ သင်တန်းဆင်းပွဲကို ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ခင်ရူပါအေး