ဝါးခယ်မ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မြို့နယ်လုံးဆိုင်ရာ နှစ်ဦးတရားရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ည ၇ နာရီအချိန်တွင် ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ နှစ်ဦးတရားရွတ်ဖတ်ပူဇော်ပွဲကို ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက်တွင် ကျုံမငေး+ရန်ကုန် စက်ရုံဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်ကြီးနှင့် ရဟန်းသံဃာဆရာတော်ကြီးများမှ ရွတ်ဖတ်သရဇ္ဈာယ်၍ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများမှ တရားတော်နာယူရန် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)