မင်းလှမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်

မင်းလှ ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း စီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအ ကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးထွဋ်က မိမိဒေသအတွင်းရှိ ရပ်ကွက်/ ကျေးရွာများအထိ ရည်မှန်းချက် တစ်ခုချင်းအပေါ် လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ စီမံချက်ရေးဆွဲကာ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကဏ္ဍအလိုက်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတတ်စေရန်အတွက် အလားအလာ ရှိသော ကုန်ပစ္စည်းအမယ်သစ်များ၊ လုပ်ငန်းသစ်များ ဖော်ထုတ်နိုင်ရေးနှင့် ရှိပြီးကုန်ထုတ်စွမ်းအားစုများကိုလည်း ထုတ်လုပ်မှုများ တိုးတက် မြှင့်မားအောင် ဆောင်ရွက်ကြရန်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ဌေးဌေးပြုံးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၏ ကဏ္ဍာများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်မင်းလှမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်ပါ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှု ကဏ္ဍကြီးနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများတို့ကို မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများထံ တာဝန်ပေးအပ်ခဲ့ကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များအား ကျေးရွာအုပ်စုအလိုက် သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် တာဝန်ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ပေါက်စ မင်းလှ