သနပ်ပင် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်များ အလိုက် mobile ကွင်းဆင်းပြီး ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု (၇) ရွာရှိ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ သက်ဆိုင်ရာ စုရပ်များအလိုက် အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်းရှိ ပြည်သူ (၈၀၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်