နတ်တလင်း ဧပြီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်း (TOT)ကို အွန်လိုင်းစနစ်ဖြင့် သင်းကြားပို့ချနေမှုကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးတွင် ဧပြီ၂၀ရက်နေ့နံနက်ပိုင်းမှစ၍ သင်တန်းနည်းပြ ဆရာ ဆရာမ များမှ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT)သင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ Online စနစ်ဖြင့်ပို့ချနေမှုကို မြို့နယ်တွင် ပြန်လည်ပို့ချမည့် သင်တန်းနည်းပြများ ဆရာ ဆရာမ ၆၄ ဦးက သင်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ကာယ ပညာရပ်များကို နံနက်၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ယခုသင်တန်းကို တက်ရောက်ပြီးသော သင်တန်းနည်းပြဆရာ ဆရာမများမှ မြို့နယ်အတွင်းရှိ မူလတန်းအဆင့်သင်ကြားသော ဆရာ ဆရာမ များကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့တွင် ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)