ဝေါ ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့၊ မွန်းလွဲ ၂ နာရီက စာရေးဆရာ အောင်သင်း၏ “မျိုးဆက်သစ်ရဲ့ မဟာမိတ်” စာအုပ်ဖြင့် လူငယ်စာဖတ် ဝိုင်းကျင်းပကြောင်း သိရသည်။
လူငယ်စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးလွင်က လူငယ်လူရွယ်များ အနေဖြင့် စာဖတ်ဖို့လိုကြောင်း စာပေဖတ်ရှုမှသာ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်မည်ဖြစ်ပြီး၊ စာပေမှ ရရှိသည့် အသိပညာဗဟုသုတ များစွာဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ဖို့အတွက် စာပေကိုဖတ်ရှုဖို့ တိုက်တွန်း ပြောကြားပြီး၊ စာကြည့်တိုက် လက်ထောက် (၃) ဒေါ်သီတာဝင်းက စာရေးဆရာအောင်သင်း၏ “မျိုးဆက်သစ်ရဲ့ မဟာမိတ်” စာအုပ်မှ ကျေးလက်ကျောင်း ဆရာလေးခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပေးသည်။
ထို့နောက် လူငယ်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ ဖတ်မှတ်ထားသည့် စာပေများ အကြောင်းကို ပြန်လည်ဆွေးနွေးပေးကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)