ရွှေတောင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ထုတ်ပေး

ရွှေတောင် ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်   မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်  ၉ နာရီ အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ဧပြီလ  ၂၁ ရက် မှ ၂၈ ရက်နေ့အထိ  နံနက် ၈ နာရီ မှ မွန်းလွဲ ၂ ထိ ထုတ်ပေးသွား မည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ထုတ်ယူမည့်သူ စုစုပေါင်း (၂၃၇၇) ဦး ရှိကြောင်း သိရပါသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ကြိုတင် ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)