ရေစကြိုမြို့နယ်၌ သင်ရိုးသစ် Grade-5 (ဗဟိုအဆင့်နည်းပြ) Online သင်တန်း ဖွင့်လှစ်သင်ကြား

ရေစကြို ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade-5 (ဗဟိုအဆင့်နည်းပြ) Online သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ရေစကြိုမြို့နယ်၊ ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မူလတန်းသင်ရိုးသစ် ဘာသာရပ်များ သင်ကြားရေးတွင် ပိုမိုထိ ရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ပြီး သင်ရိုးသစ် Grade-5 (ဗဟိုအဆင့်နည်းပြ) သင်တန်းကို online စနစ်ဖြင့်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီ(၂၀)ရက်နေ့မှ ဧပြီ(၂၅) ရက်နေ့အထိ (၆)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ သွားမှာဖြစ်ပြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ နည်းပြ ဆရာ/ဆရာမ(၄၀)ဦး တက်ရောက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မောင်လုလင် (ရေစကြို)