ကံမမြို့နယ်တွင် ဆရာဆရာမများအား သင်ရိုးသစ် ( Grade – 5) ဗဟိုအဆင့်နည်းပြ Onile သင်တန်းပို့ချ

ကံမ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Onile သင်တန်းအား ဧပြီ၂၀ရက်နေ့မှ ဧပြီ၂၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဆရာဆရာမများက  Onile စနစ်ဖြင့် စုပေါင်း တက်ရောက် သင်ကြားလျက်ရှိသည်။

သင်တန်းကို သင်ရိုးသစ်နှင့်ပတ်သက်၍ သင်ကြားသင်ယူမှု အရည်အသွေးပြည့်ဝသည့် ဆရာ ဆရာမများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် ပညာပြည့်ဝ၍ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပညာရေးသုတေသန၊ စီမံကိန်း နှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သင်ရိုးသစ် ( Grade–5) ဘာသာရပ်များအလိုက် သင်ကြားပေးလျက်ရှိရာ ကံမမြို့နယ်အတွင်းရှိ ဆရာဆရာမ ၃၄ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါသင်တန်းသို့တက်ရောက်ခဲ့သည့်ဆရာဆရာမများက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ သင်ရိုးသစ် ( Grade–5) သင်ကြား မည့် ဆရာဆရာမများအား ထပ်ဆင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)