ဒိုက်ဦးမြို့နယ် ပညာရေးမှူးရုံး၌ Grade 5 ဗဟိုအဆင့်နည်းပြသင်တန်း(TOT) Online ဖြင့် ပို့ချ

ဒိုက်ဦး ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပညာရေးမှူးရုံး၌ ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ၂၅ ရက်နေ့အထိ ၂၀၂၂-၂၀၂၃ ခုနှစ် Grade-5 ဗဟိုအဆင့်နည်းပြသင်တန်း(TOT) Online စနစ်ဖြင့် ပို့ချလျက်ရှိသည်။

 အဆိုပါသင်တန်းသို့ ဒိုက်ဦးမြို့နယ်အတွင်းရှိ မူအုပ်၊ တာဝန်ခံမူအုပ်နှင့် အုပ်စုမှူး ဆရာ/ ဆရာမ ၃၄ ဦးတက်ရောက်ကြသည်။

 ဧပြီလ ၂၈ ရက်နေ့မှ မေလ ၅ ရက်နေ့တွင်လည်း အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်း၌ Grade-8 အခြေခံပညာအလယ်တန်းအဆင့် Face to Face သင်တန်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)