တောင်တွင်းကြီးမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

တောင်တွင်းကြီး ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ နာရီက တောင်တွင်းကြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က အမှာစကားအသီးသီး ပြောကြားကာ တောင်တွင်းကြီးမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများဖြစ်သည့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ရည်မှန်းချက် တာဝန်များကို သက်ဆိုင်ရာ ဌာန အသီသီးအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီချိုက တောင်တွင်းကြီး မြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများ၏ ရင်းနီးမြုပ်နှံမှု ရည်မှန်းချက်များအပေါ် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)