သနပ်ပင် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းကို ပညာရေးဝန်ကြီးဌာန၊ ပညာရေး၊ သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ဦးစီး၍ ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး၊ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်ပေးသည်။
အဆိုပါ သင်တန်းတွင် မူလတန်းအဆင့် (Grade-5) သင်ရိုးသစ် ဘာသာစုံ ( မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယ ) ဘာသာရပ် သင်ခန်းစာ များကို (၂၀-၄-၂၀၂၂) ရက်နေ့မှ (၂၅-၄-၂၀၂၂)ရက်နေ့ထိ (၆) ရက်ကြာ မူလတန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး (၂၄) ဦးတို့အား Online ဖြင့် သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)