ပေါင်းတည် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များ နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်ထုတ်ပေးရာတွင် မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ (၃၀၀၀) ဦးရှိပြီး လစဉ် ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ် နံနက် ၇ နာရီခွဲအချိန်မှစတင် ထုတ်ပေးပြီး နောက်ပိုင်းရက်များတွင် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်အတွင်း ထုတ်ယူနိုင်ကြောင်းနှင့် ယနေ့ လာရောက်ထုတ်ယူသူ (၅၂၈) ဦးရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)