ဝါးခယ်မ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြီးအစီး ထိုးနှံနိုင်ရေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းထိုးနှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းထိုးနှံရာတွင် ရွှေလောင်းကျေးရွာအုပ်စု၊ လမ်းသမိုင်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာအုပ်စုနှင့် ကနစိုးကုန်းကျေးရွာအုပ်စုတို့တွင် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစည်းရုံးခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးကို ကွင်းဆင်းထိုးနှံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)