ညောင်တုန်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် (Grade-5) သင်ရိုးသစ် နည်းပြသင်တန်းကို Online စနစ်ဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ စုစုပေါင်း(၆၀)ဦး တက်ရောက် သင်ကြားလျက်ရှိရာ (Grade-5) သင်ရိုးသစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယဘာသာရပ်များကို ဧပြီ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Grade-8) အလယ်တန်းအဆင့်နှင့် (Grade-11) အထက်တန်းအဆင့် နည်းပြ သင်တန်းများကိုလည်း မကြာမီ Online စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)