မင်းလှ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတတ်မြှင့်မားရေး အသိပညာပေး‌ဟောပြော ဆောင်ရွက်

မင်းလှ ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတတ်မြှင့်မားရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာသရော(ဂျီ)အုပ်စု၊ လယ်ဦးစုကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်က စိုက်ပျိုးရေး တိုးတတ်မြှင့်မားရေး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒေါက်တာ သီဟကျော်ဇောဦးမှ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်မွေးမြူရေးနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်သင့်သည်အချက်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်မြေယာနည်းဥပဒေဆိုင်ရာများ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချရေး၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ မြေယာများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာနမှ လမ်း၊ တံတားနှင့် မြစိမ်းရောင် စီမံကိန်းကိစ္စရပ်များ ၊မြို့နယ် စာသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေး ဥပဒေများအကြောင်းတို့ကို အသီးသီး ဆွေးနွေးပြောကြား သည်။

အသိပညာပေးဆွေးနွေးပွဲကို တတ်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ဌာနများက ဆွေးနွေးဖြေကြားပေးခဲ့သည်။

အလားတူ လှည်းပြင်တင်အုပ်စု၊ လှည်းပြင်တင်‌အ‌ရှေ့စုကျေးရွာတွင် အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း အသိပညာပေးဟောပြောပွဲများကို ကျေးရွာ/ အုပ်စုများအလိုက် အရှိန်ဟုန်မြှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)