ကျုံပျော် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ကောက်သင်းကောက်စနစ်ဖြင့် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကောက်သင်းကောက် ဆေးထိုးနှံဆောင်ရွက်နေသည့် ကွင်းခြောက်ကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာသို့ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဧပြီ ၂၀ ရက်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး၊ လိုအပ်သည်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ (၇၀၆၄)ဦး နှင့် ပြည်သူ (၁၅၆၇၀၀) ဦးကျော်ရှိပြီး၊ မြို့ပေါ်ရှိ စာသင်တိုက်များတွင် သီတင်းသုံး နေထိုင်တော် မူကြသော အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိ ရှင်သာမဏေ နှင့်သီလရှင် ဆရာလေးများ ကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား သွားရောက်ထိုးနှံ ပေးလျက်ရှိကာ၊ လက်ရှိတွင်လည်း မြို့နယ်အတွင်း တိုက်နယ်အသီးသီးမှ အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကောင်သင်းကောက် စနစ်ဖြင့် လိုက်လံထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)