လှိုင်းဘွဲ ဧပြီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစားများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ပင်စင်လစားများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည် ဖြစ် ကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀) ကျော်ရှိပြီး အငြိမ်းစား ဝန်ထမ်းအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေး မဖြစ်ပေါ်စေခြင်း၊ နှာခေါင်း စည်းများတပ်ဆင်ခြင်းစသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကြီးကြပ်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)