ပေါက်ခေါင်း ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြန်မာ့စီးပွါးရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် အငြိမ်းစားပင်စင်ထုတ်ယူသူ (၂၅၀)ဦးရှိပြီး၊ နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာငွေများ ဆက်လက် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)