ပေါင်းတည်မြို့နယ်တွင် (Grade-5)သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်း ဖွင့်လှစ်

ပေါင်းတည် ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ပညာရေးမှူးရုံးတွင် ကျောင်းသား၊ ကျောင်းသူများ မူလတန်းသင်ရိုးသစ် ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရန် အတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်စနစ်သစ်ပညာရေး (Gread-5)အတွက် ဗဟိုအဆင့်နည်းပြ သင်တန်း(ToT) Online သင်တန်းကို ယမန်နေ့နံနက်က စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်ရိုးသစ်(Grade-5) သင်ကြားမည့် ဆရာဆရာမများအား သင်ကြားသင်ယူမှု ထိရောက်စေရန် ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး ဆရာ/ဆရာမ သင်တန်းသား/သူ(၄၄)ဦးနှင့် ကြီးကြပ်(၅)ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို ဧပြီ၂၀ရက်မှဧပြီ၂၅ရက်ထိ နေ့စဉ်နံနက်၉နာရီမှ ညနေ၄နာရီထိဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အေးအေးဆင့်