ဘုတ်ပြင်း ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို မြို့ပေါ်ရှိ ရပ်ကွက်များသို့ သွားရောက်၍ အသိပညာပေးဆော်ဩရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင် ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုစက္ကန့် နှစ်ဆယ်ကြာအောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ရောဂါပိုး ကူးစက် ခံထားရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျခံယူကြရန် နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)