ပိုင်ကျုံ ဧပြီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကစိုကျေးရွာတွင်မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်မှ ကြီးမှူးဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ် ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်မှ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူများတို့က အရေးပေါ်ကယ်ဆယ်ရေးနည်းလမ်းများနှင့် သက်ဆိုင်သည့် ဆောင်ရွက်ရမည့်ချက်များကို လက်တွေ့သရုပ်ပြသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ကစိုကျေးရွာအုပ်စုအတွင်းရှိ လူငယ်မောင်မယ်များ တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတို့ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ် ကယ်ဆယ်ရေး ကူညီဆောင်ရွက်ရန်လိုအပ်ပါက စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်မှ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ကစို ကျေးရွာရှိ လူငယ်မောင်မယ်များက တက်ရောက်ပြီး သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နော်ခူး (ပြန်/ဆက်)