တနင်္သာရီ ဧပြီလ ၂၁
ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online စနစ်ဖြင့် တစ်နိုင်ငံလုံးသို့ ပို့ချသင်ကြားပေးသော သင်တန်းအား ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ တစ်ပြိုင်တည်း သင်ကြားပေးလျက်ရှိရာ ၎င်းသင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်းတွင် တနင်္သာရီမြို့နယ်မှ နည်းပြ ဆရာ/မများ(၂၈) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား ၂၀၂၂ခုနှစ်၊ ဧပြီလ (၂၀ရက်မှ၂၅ရက်) အထိ မြန်မာစာဘာသာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာရပ် စသဖြင့် (၆) ရက်အကြာသင်တန်း ပို့ချပေးမည်ဖြစ်ရာ တနင်္သာရီမြို့နယ်အတွင်းမှ မူအုပ်/မူလတန်းပြ(၂၈)ဦးနှင့် သင်တန်းကြီးကြပ်သူ မြို့နယ်ပညာရေးမှူး ဦးခင်ဇော် အပါအဝင်ရုံးအဖွဲ့ (၄) ဦး စုစုပေါင်း(၃၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းပြီးဆုံးပါက ဘာသာရပ်သင် ဆရာ/မများကို ဆင့်ပွား သင်တန်း ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံက သိရှိရသည်။
နန်သာရီ-ထိန်ဝင်း (ပြန်ဆက်)