သံတောင်ကြီး ဧပြီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/သားများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် ကလေးသူငယ်များ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ ဉာဏ်ဏဆိုင်ရာစွမ်းရည်များ ဖွံဖြိုးတိုးတက်စေရန် ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဉာဏ်စမ်းပဟေဠိနှင့် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ နော်လော်မူ ကလေးသူငယ်များ ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများ ရှိစေရန် ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားကာ ဉာဏ်စမ်းပဟေဠိနှင့် ကဗျာရွတ်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ သံတောင်ကြီးမြို့ပေါ်ရှိ ကျောင်းသူ/သား (၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ပြီးဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
နော်နော်မူ