ကျွန်းလှ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် အကျုံးဝင်သူများအား ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုသတ်မှတ်ပြီး၊ ဦးစားပေး အစီအစဉ်အလိုက် အသုတ်ခွဲ၍ ထိုးပေးလျက်ရှိကြောင်း၊ ယခုအခါ နဝအအသုတ် ပထမအကြိမ်နှင့် အဋ္ဌမအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဆေးထိုးစုရပ်များတွင်လည်း ကွင်းဆင်းထိုးနှံပေး မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ