သာပေါင်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြိး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှတ်တမ်းစာရွက်စီစစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးမထိုးနှံရသေးပါက ကျန်းမာရေးဌာနက ဆေးခန်းထိုင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုစီစစ်ပြီး ထိုးနှံပေးမှု အစီအစဉ်အား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ ကျန်းမာရေးဌာနနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ ထိန်းချုပ်ရေး ကော်မတီအဖွဲ့တို့ ပူးပေါင်းကြီးကြပ်၍ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု မှတ်တမ်းစာရွက်တို့ကို စီစစ်စစ်ဆေးပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ရှင်းလင်းဆွေးနွေးပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ မြို့အဝင်ဂိတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (၁၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး နေ့စဉ် မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)