၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း    ဧပြီ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ် Grade-5(သင်ရိုးသစ်) မြို့နယ်အဆင့်နည်းပြသင်တန်းကို ဧပြီ ၁၉ ရက်နေ့နံနက် ၉ နာရီ မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့်သင်ကြားပို့ချပေးခဲ့ကြောင်းသိသည်။

အဆိုပါ သင်ရိုးသစ်နည်းပြသင်တန်းကို မြို့နယ်ပညာရေးမှူး ဦးအေးလှိုင်မှ ဦးဆောင်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ မူလတန်း ၊မူလတန်းလွန် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၅၈)ဦးမှ တက်ရောက်သင်ကြားလျက်ရှိပြီး၊ သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာနေ့အလိုက်ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)