ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံ

ပိုင်ကျုံ ဧပြီ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည် ထိုးနှံပေးခြင်းကို ဧပြီလ ၂၁ရက်နေ့တွင် ပိုင်ကျုံတိုက်နယ်‌ဆေးရုံ၌ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်  ပြည်သူများအား တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီ ဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ကျေးလက် ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်သော ကျန်မာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေလွယ်ကူ‌စေရန်အတွက်ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်‌‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)