ညောင်တုန်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ သူကြီးစုကျေးရွာတွင် ဧပြီလ ၁၈ရက်နေ့က မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုထံသို့ ကယ်ဆယ်ရေးရံပုံငွေနှင့် ပစ္စည်းများထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ကွင်းဆင်းပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်း (၂၁၂၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုး (၁)ပုံတို့အား မီးဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)