ထန်းတပင်၌ GRADE-5 သင်ရိုးသစ်နည်းပြသင်တန်းဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) ဧပြီ ၂၀

ပဉ္စမတန်းသင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့်မူလတန်းကိုခြုံငြုံပြီး အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်ရန်အတွက် GRADE-5 သင်ရိုးသစ် နည်းပြ Online သင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများတွင်ပြန်လည်၍ ဆင့်ပွားသင်ကြား ပို့ချ ပေးမည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၄၀)ဦးတို့တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ(၂၅)ရက်နေ့အထိ (၆)ရက်ကြာမြင့် မည်ဖြစ်ကြောင်းလည်း သိရသည်။

GRADE-5 သင်ရိုးသစ်နည်းပြသင်တန်းကို အခြေခံပညာဦးစီးဌာန(နေပြည်တော်)မှ တိုက်ရိုက် ဖွင့်လှစ်ကာသင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်း သူများအား GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားပို့ချ ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)