ပဲခူး ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်)မှ Grade – 5 (သင်ရိုးသစ် )ဗဟိုအဆင့်နည်းပြ သင်တန်း Online Projecter ဖြင့်သင်ကြား ပို့ချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အ.ထ.က(၁)သီရိပညာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပရာ သင်တန်းသူ/သင်တန်းသား ဆရာ/ ဆရာမ (၇၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်မှ ၂၅ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ပို့ချသင်ကြားပေးမည် ဖြစ်ပြီး ဆက်လက်၍ Grade-8(သင်ရိုးသစ်) ဗဟိုအဆင့် နည်းပြသင်တန်းကို ၂၈-၄-၂၀၂၂ ရက်နေ့မှ ၅-၅-၂၀၂၂ ရက်နေ့အထိ ဆက်လက် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ပညာရေးမှူးရုံးမှ
သိရသည်။
ခရိုင်၊ ပြန်/ဆက်