ဟားခါး ဧပြီ ၂၀
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အ ဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စာရင်း ဇယားများ ပြုစုရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်သည့် စာရင်းဇယားပုံစံများအတိုင်း ပြုစုရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ဧပြီလအတွင်း ဆေးထိုးနှံရန် ရည်မှန်း ဦးရေထက် ရာနှုန်းပြည့်ကျော်၍ ထိုးနှံနိုင့်ခဲ့ပြီးဖြစ်သော်လည်း အချို့မြို့နယ်များတွင် ရည်မှန်းဦးရေ ပြည့်မီအောင် ထိုးနှံနိုင်မှုမရှိသေးကြောင်း တွေ့ရှိရသည့်အတွက် ရာနှုန်းပြည့်ဆက်လက်ထိုးနှံနိုင် ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရမည့် ရည်မှန်းဦးရေအားလုံး သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ဧပြီ ၁၉ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတွင် ဆွေးနွေးချက်များအား ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇော်က အစည်းအဝေး တွင် ဆွေးနွေးမှုများအပေါ် ကောက်နုတ်ချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဟားခါးမြို့နယ် လူထုကျန်းမာရေး စောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင် လျန်ဟုပ်လိန်းက နိုင်ငံတော်မှ လူစုလူဝေးခြင်းအတွက် ကန့်သတ်ချက်များ ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ ဆက်လက်လိုက်နာရေးအတွက် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ မြို့နယ်အနီးပတ်ဝန်းကျင်ကျေးရွာရှိ ပြည်သူများ ဟားခါးမြို့သို့ လာရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် အသက် ၁၈ နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရရှိ ၊ သုံးစွဲ ၊ လက်ကျန်စာရင်းနှင့် ထောက်ပံ့ရန်လိုအပ်သည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးပစ္စည်း အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနေမှု၊ Booster Dose ထိုးနှံပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများ စာရင်းဇယားရေးသွင်းပြီးစီးမှု အခြေအနေနှင့် RDT Test Kit ဖြင့် စမ်းသပ်စစ်ဆေးသည့်လုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က အကြံပြု ဖြည့်စွက်ဆွေးနွေးကြကာ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားရှိပြီဖြစ်သည့်အတွက် ပေါင်းစပ်ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးမထိုးသည့် လူဦးရေးစာရင်းမှ ကျန်းမာရေးမကောင်းသူများ၊ ကာကွယ်ဆေး ထိုးနှံရန် ဆန္ဒမရှိသူများကိုပါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း အကြံပြု ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)