ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းအကြမ်ဖက်မှုဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ဟားခါး ဧပြီ ၁၉

ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟို ဌာနတွင် ဧပြီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက “အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပသည်။

ရှေးဦးစွာ ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးအမ်းအင်းလမ်းက Talk Show ကျင်းပခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေး‌နွေးသည်။

ယင်းနောက် ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌ခင်အေးသက်က အိမ်တွင်း အကြမ်းဖက်မှု၏ သဘောသဘာဝ၊ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းရင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်လာစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)