ဝါးခယ်မ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များမှ ရောင်းချသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နေ့လည် ၂ နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကုန်ပစ္စည်းများကို ရောင်းချကြောင်းတွေ့ရှိရပြီး ကုန်ပစ္စည်းများကို ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပါရှိရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မှီစွာ ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)