လပွတ္တာခရိုင်၌  သင်ရိုးသစ်(Grade-5)ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်

လပွတ္တာ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) Online သင်တန်းကို ယနေ့နံနက် (၉)နာရီ အချိန်မှစတင်၍ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် online စနစ် ဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမ (၉၅)ဦးတို့မှ လာရောက် သင်ယူ လျက်ရှိပြီး ယနေ့တွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ Video lesson (နံရံကပ် စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလပ်စတစ်အိတ်ကလေးခရီးစဉ် အစရှိသည့် ခေါင်းစဉ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ အဆိုပါ သင်တန်း တက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာသင် ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခုသင်ခန်းစာများအား ပြန်လည်သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်ရိုးသစ် (Grade-5) (ToT)online သင်တန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန် ရှိသူများနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး သင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်ခင်နှင်းဆီ ထံမှ သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်