ဝါးခယ်မ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (Grade-5) ဗဟို အဆင့်နည်းပြသင်ရိုးသစ် (TOT) Online သင်တန်းကို ဒေါ်ပိုက်မိခန်းမတွင် ယနေ့ နံနက် ၉ အချိန်တွင် Online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဝါးခယ်မမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမ (၆၂)ဦး၊ မူလတန်းပြ ဆရာ/ဆရာမ (၈)ဦး၊ ဒုတိယမူလတန်းပြ ဆရာ/ဆရာမ(၆)ဦးနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ(၂၄)ဦး၊ စုစုပေါင်း(၁၀၀)ဦးတို့မှ လာရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
သင်ရိုးသစ်ဘာသာရပ်တွင် ကျောင်းသား/သူများ စိတ်ဝင်စားမည့် အကြောင်းအရာများ၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ မိမိနှစ်သက်သော အရာကိုပြုလုပ်နည်းနှင့် Video plan စသည့်ခေါင်းစဉ်များဖြင့် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာ/ဆရာမများအနေဖြင့် မိမိတာဝန်ကျရာကျောင်းများ အလိုက် မိမိတို့သင်ကြားခဲ့သည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများအား ပြန်လည်သင်ကြား ပို့ချပြီး မျိုးဆက်သစ် အနာဂတ်လူငယ်များကို ပြန်လည်မွေးထုတ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟိန်းထက်လင်း