ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)သင်တန်း စတင်ဖွင့်လှစ်

ဓနုဖြူ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT)သင်တန်းကို ယနေ့၊ နံနက်(၉)နာရီ အချိန်မှစတင်၍ အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် Online စနစ်ဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းပထမနေ့တွင် Generic Topics ၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ Video Lesson (နံရံကပ်စာစောင် လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာပြုလုပ်နည်း၊ ပလပ်စတစ် အိတ်ကလေး ခရီးစဉ် စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမ (၅၈)ဦးတို့ တက်ရောက်သင်ယူလျက်ရှိသည်။ သင်တန်းတက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခုသင်ခန်းစာများအား ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို (၂၀.၄.၂၀၂၂)ရက်နေ့မှ (၂၅.၄.၂၀၂၂)ရက်နေ့အထိ နေ့အလိုက် ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးအေးအောင်(ပြန်/ဆက်)