မြန်အောင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grde-5 (သင်ရိုးသစ်) ဗဟိုအဆင့် Online (TOT) နည်းပြသင်တန်းဖွင့်လှစ်

မြန်အောင် ဧပြီ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grde-5 (သင်ရိုးသစ်) ဗဟိုအဆင့် Online (TOT) နည်းပြသင်တန်း ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာ ခန်းမတွင် ယနေ့ နံနက်မှစ၍ Zoom Meeting ဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းသို့ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာ/ဆရာမ (၇၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နံနက်(၉) နာရီမှ ညနေ(၄)နာရီအထိ တက်ရောက်ရမည်ဖြစ်ကြောင်းနှင့် ယခုသင်တန်းသို့ တက်ရောက် လျက်ရှိသော ကျောင်းအုပ်ဆရာ/ဆရာမများက မေလအတွင်း မြို့နယ်အဆင့် မူလတန်းဆင့်သင် ဆရာ/ဆရာမများကို ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းဗိုလ် မြန်အောင်