ဒေးဒရဲ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပညာရေးမှူးရုံးက ကြီးကြပ်မှုဖြင့် အခြေခံပညာ (Grade-5) သင်ရိုးသစ် (TOT) ဗဟိုအဆင့်နည်းပြ online သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က အမှတ်(၂)ရပ်ကွက်ရှိ ရုံးကြီး အခြေခံပညာ မူလတန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးလှစိုးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဦးတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ၎င်းသင်တန်းကို ဧပြီလ (၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ online စနစ်ဖြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ online စနစ်ဖြင့် ဆွေးနွေးပို့ချလျက်ရှိသော သင်တန်းသို့ ATEO (Mentoring) (၂)ဦး၊ မူလတန်းကျောင်းအုပ်နှင့် မူလတန်းပြဆရာ၊ ဆရာမ (၅၄)ဦး စုစုပေါင်း (၅၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း