မင်းလှမြို့၌ အခြေခံပညာသင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်လှစ်ပို့ချ

မင်းလှ  ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးမှူးရုံး၌ Online မှပို့ချသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဗဟိုအဆင့် (Grade-5) သင်ရိုးသစ်ကို ပညာရေးသုတေ သန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online Training အဖြစ် ဘာသာရပ်(၇)မျိုးအား သင်ကြားပို့ချပေးရာ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းနည်းပြ(မူအုပ်) ဆရာ၊ ဆရာမ(၄၆)ဦး တက်ရောက်ခဲ့ကြပြီး၊ ဧပြီ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်ကြာ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခဲ့သော သင်တန်းနည်းပြ(၄၆)ဦးတို့သည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၆၉၉) ဦးတို့အား မေ ၁၀ ရက်မှ  ၁၃ ရက်နေ့ထိ Grade-5 Face to Face သင်တန်းအဖြစ် အ.ထ.ကမင်းလှ (မြို့ပြင်)ကျောင်းတို့တွင် ဆက်လက်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)